ပြည်ထောင်စုရာထူးဝန်အဖွဲ့-1024x613
ပြည်ထောင်စုရာထူးဝန်အဖွဲ့
Untitled-1024x584
ပြည်ထောင်စုရာထူးဝန်အဖွဲ့
previous arrow
next arrow
 
အဖွဲ့အကြောင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ၂ဝဝ၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ၂၈-၁၀-၂၀၁၀ ရက်စွဲနေ့တွင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၄/၂၀၁၀ ဖြင့် ပြဌာန်းခဲ့ပါသည် ။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် ၁၉၇၇ခုနှစ်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥပဒေအရ ဖွဲ့စည်းခဲ့သော ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ကို ဆက်ခံသောအဖွဲ့ ဖြစ်ပါသည်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥပဒေအရ အဖွဲ့ကို ဥက္ကဋ္ဌ အပါအဝင်အဖွဲ့ဝင် အနည်းဆုံး(၅)ဦးမှ အများဆုံး(၇)ဦးဖြင့် ဖွဲ့စည်းရပါမည်။ အဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ အခန်း(၃) တွင် ပြဌာန်းထားပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အာဆီယံ ကွန်ဖရင့်တွင် မြန်မာနိုင်ငံကိုယ်စားပြု ဆက်သွယ်ဆောင်ရွက် နေသော အဖွဲ့အစည်းဖြစ်ပါသည်။

နောက်ခံသမိုင်း

မြန်မာနိုင်ငံမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ကျော် မြန်မာဘုရင်များ၏ အုပ်ချုပ်မှုအောက် အချုပ်အခြာအာဏာ ပိုင်နိုင်ငံအဖြစ် တည်ရှိခဲ့စဉ်တည်းက မင်းမှုထမ်းများအား ရွေးချယ်ခန့်ထားသည့် စနစ်၊ စံနှုန်းများနှင့်အညီ လက်ရုံးရည်၊ နှလုံးရည်၊ သတ္တိ၊ ဗျတ္တိ၊ ထူးချွန်ထက်မြက်သော အမှုတော် ထမ်းများ ရရှိစေရန်အတွက် ပြိုင်ပွဲများ၊ စာပြန်ပွဲများ ကုန်းဘောင်နှောင်းခေတ်ကာလ မြန်မာမင်းများ လက်ထက် ဝန်ထမ်းခန့်ထားသည့်စနစ်အနေဖြင့် နေပြည်တော်အုပ်ချုပ်ရေးအဆင့်နှင့်ဒေသန္တရ အုပ်ချုပ်ရေးအဆင့်ဟူ၍ တိကျစွာသတ်မှတ်ထားပြီး နေပြည်တော် သို့မဟုတ် ဗဟိုအဆင့်တွင် လွှတ်ရုံး ငါးရပ်ဟု ခေါ်တွင်သော လွှတ်တော်၊ ဗြဲတိုက်၊ ရှေ့ရုံး၊ နောက်ရုံး၊ တရားရုံးတို့ကို ဖွဲ့စည်းထား ရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး၊ကျောင်းဝတ်စုံနှင့်ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး၊ကျောင်းဝတ်စုံနှင့်ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ( ၁၅ ) ကြိမ်မြောက် ၂၀၂၅ –…

ဆက်လက်ဖတ်ရှုရန်
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၈၈ )နှစ်မြောက် အဖွဲ့နှစ်ပတ်လည်နေ့အထိမ်းအမှတ် အထူးကံစမ်းမဲဖောက်ခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၈၈ )နှစ်မြောက် အဖွဲ့နှစ်ပတ်လည်နေ့အထိမ်းအမှတ် အထူးကံစမ်းမဲဖောက်ခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၈၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖွဲ့ ဥက္ကဋ္ဌမှ…

ဆက်လက်ဖတ်ရှုရန်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်းကို အသိပေးကြေညာခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်းကို အသိပေးကြေညာခြင်း

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးက ကြီးမှူး၍ “အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ…

ဆက်လက်ဖတ်ရှုရန်
နိုင်ငံခြားပညာတော်သင်စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီ၊ နိုင်ငံခြားပညာသင်စိစစ်ရွေးချယ်စေလွှတ်ရေးလုပ်ငန်းကော်မတီမှ ၂၀၂၅ ခုနှစ်၊ မေလအတွင်း ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများသို့ အစည်းအဝေးအမှတ်စဉ်အလိုက် ခွဲဝေပေးခဲ့သည့် ပညာသင်ဦးရေစာရင်း

အသေးစိတ်ကို download ရယူကြည့်ရှုနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်
မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲအခမ်းအနားကျင်းပခြင်း

မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲအခမ်းအနားကျင်းပခြင်း

ပြည်ထဲရေးဝန်ကြီးဌာနမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများနှင့်…

ဆက်လက်ဖတ်ရှုရန်
နိုင်ငံခြားပညာတော်သင်စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီ၊ နိုင်ငံခြားပညာသင်စိစစ်ရွေးချယ်စေလွှတ်ရေးလုပ်ငန်းကော်မတီမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများသို့ အစည်းအဝေးအမှတ်စဉ်အလိုက် ခွဲဝေပေးခဲ့သည့် ပညာသင်ဦးရေစာရင်း